ရှိစုမဲ့စုပိုက်ဆံတွေ၊ ချေးငှားထားတဲ့ပိုက်ဆံလေးတွေနဲ့ ဆေးကုသမှုခံယူခဲ့ပေမယ့် မတတ်နိုင် တော့တဲ့အဆုံး အခက်အခဲဖြစ် ဒုက္ခရောက်နေရရှာတဲ့ ဦးနှောက်နှင့် အာရုံကြောရောဂါဝေဒနာရှင် အဘ ဦးဝင်းရွှေအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

  • ပင်မစာမျက်နှာ / ရှိစုမဲ့စုပိုက်ဆံတွေ၊ ချေးငှားထားတဲ့ပိုက်ဆံလေးတွေနဲ့ ဆေးကုသမှုခံယူခဲ့ပေမယ့် မတတ်နိုင် တော့တဲ့အဆုံး အခက်အခဲဖြစ် ဒုက္ခရောက်နေရရှာတဲ့ ဦးနှောက်နှင့် အာရုံကြောရောဂါဝေဒနာရှင် အဘ ဦးဝင်းရွှေအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အဘနာမည်က ဦးဝင်းရွှေပါ။  စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ အင်းရွာမှာနေပါတယ်။ မိသားစုဝင်တွေက တောင်ယာအလုပ်လုပ်ကိုင်ကြပါတယ်။ လွန်ခဲ့တဲ့ (၈) လလောက်ကတည်းက ခါးနာလာရာကနေ ခါးနာ ပျောက်ဆေးတွေထိုးရင်း နောက်တော့ မသက်သာဘဲ တဖြည်းဖြည်း အိပ်ယာထဲလဲသွားတာပါ။ အခုဆို နှာခေါင်းပိုက်ကတစ်ဆင့် အစာသွင်းရတဲ့ အခြေအနေအထိ ရောဂါအခြေအနေ ဆိုးဝါးသွားတာပါ။ စဖြစ်တဲ့အချိန်တုန်းက ရက်ခြားလိုလို ခနခနအပြင်းအထန်ဖျားပါတယ်။ အခြေအနေပိုဆိုးလာလို့ ၂၀၂၁ ခုနှစ် မတ်လလောက်ကနေ ဂျူလိုင်လအထိ ရွာကလူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ မန္တလေးက မန္တလာဆေးရုံ၊ ငြိမ်းဆေးရုံတွေမှာ တက်ရောက်ကုသခဲ့ရပါတယ်။ အဲ့ဒီတုန်းက ကိုဗစ်ရောဂါ အခြေအနေ တွေရယ်၊ ဆရာဝန် ညွှန်ကြားချက်တွေရယ်၊ အဘရဲ့ ရောဂါအခြေအနေ ဆိုးဝါးတာတွေကြောင့် တက်ခွင့် ရတဲ့ ဆေးရုံမှာပဲ ရသလောက်ဆေးကုသမှု ခံယူခဲ့ပါတယ်။ အဘရဲ့ အခြေအနေက အသက်ပဲရှူနေပြီး အသိစိတ်မရှိ၊ ဘာလှုပ်ရှားမှုမှမလုပ်နိုင် အစာရော၊ ဆေးရော ပိုက်ကနေတစ်ဆင့် သွင်းနေရတာပါ။ ဆေးရုံတက်တုန်းက ဆေးစစ်ဓာတ်မှန်ရိုက်တော့ ထွက်လာတဲ့အဖြေက အဆုတ်တီဘီဖြစ်ရာကနေ ကျောရိုးမကြီးကိုကူးပြီး ပိုးက ဦးနှောက်ထဲဝင်သွားလို့ ဦးနှောက်ရောင်ပြီး အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေပါ။ ဒါကြောင့် ခွဲစိတ်ရမယ် ရေရှည်ကုသမှရမယ် ငွေကုန်ကျခံနိုင်ရင်တော့ ကုလို့ရနိုင်မယ်လို့ ဆရာဝန်ကပြောပါတယ်။

အဘရဲ့မိသားစုကလည်း တောင်ယာလုပ် ချို့တဲ့နေတဲ့ကြားက ရှိစုမဲ့စုငွေလေးတွေ၊ ရွာထဲမှာ ငွေရှင်ဆီက အတိုးနဲ့ချေးငှားပြီးရလာတဲ့ ပိုက်ဆံလေးတွေနဲ့ တတ်နိုင်သလောက် ကုသပေးပါတယ်။ အရင်ဆေးရုံ တွေမှာ ကုခဲ့ရတဲ့ စရိတ်နဲ့တင် သိန်း ၈၀ နီးနီးကုန်ခဲ့ပါပြီ။ နောက်ဆုံး မန္တလေးဆေးရုံမှာတက်နေရင်း ဆေးဆက်ကုသဖို့အတွက် ပိုက်ဆံလဲထပ်ရှာမရ၊ ချေးငှားလို့ကလည်း မရတော့လို့ ဆရာဝန်ကို အတင်းတောင်းပန် ဆေးရုံဆင်းခွင့်တောင်းပြီး ရွာမှာပဲ ရရာဆေးလေးနဲ့ အသက်ဆက်ရှင်နေရပါတယ်။ ဆရာဝန်က ၁ လတစ်ခါ ရွာကနေ မြို့တက်ပြီး ဆေးရုံပြန်လာပြခိုင်းပါတယ်။ အဘက အခုအချိန်ထိ ရောဂါစဖြစ်ပြီး သတိလစ်သွားကတည်းက အသိစိတ်မရှိတော့သလိုပါပဲ။ စကားလဲမပြောနိုင် ပါးစပ်ဟပြီး ရေတိုက်ကြည့်ရင်တောင် မမျိုချတတ်သလိုဖြစ်နေလို့ နှာခေါင်းပိုက်ကနေ ဆေးရာ အစာရော ထည့်ရပါတယ်။ အိုဗာတင်း Ensure တစ်နေ့ကို ၉ ကြိမ်ဖျော်ပြီး အစာပိုက်ထဲ ထည့်ပေးရပါတယ်။ တီဘီဆေးရော ဓာတ်ဆားတွေရော အိပ်ယာထဲလှဲနေတာကြာတော့ ခြေထောက်မှာ သွေးပျစ်လို့ သွေးကြဲဆေးရော အစုံအလှည့်ကျ ပိုက်ထည့်ပေးရပါတယ်။ ပိုးက တစ်ကိုယ်လုံးပြန့်နေတာမို့လို့ ဆရာဝန်က တစ်လကို တစ်ခါဆေးရုံပြရမယ် သံလိုက်ဓာတ်မှန်ပြန်ရိုက်ရမယ်လို့ ညွှန်ကြားထားပါတယ်။ သံလိုက်ဓာတ်မှန်က ၅ သိန်းကျော်လောက်ကုန်ပါတယ်။ ရွာကနေ မန္တလေးကို ကားငှားသွားရင် ၃ သိန်း လောက်ကုန်ကျပါတယ်။ အဘမိသားစုတွေက အဘအတွက် ကုန်ထားတဲ့ ကုန်ကျစရိတ်တွေ၊ ချေးငှားထားတဲ့ ဆေးရုံစရိတ်အကြွေးတွေဆပ်ဖို့ အပြင် ဒီလိုနိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေး မကောင်းတဲ့ အခြေအနေမျိုးမှာ စားဖို့တောင် အနိုင်နိုင်ရုံးကန် ရှာဖွေနေရရှာပါတယ်။ ဒါကြောင့် မြို့တက်ပြီး ဆေးရုံပြန်ပြဖို့ သံလိုက်ဓာတ်မှန်ရိုက်ဖို့ စရိတ်လေးတွေအတွက် လုံးဝကို မတတ်နိုင်တော့တဲ့ အဆုံး စုစည်းရာမှတဆင့် အခုလိုအကူအညီတောင်းခံရခြင်း ဖြစ်ပါတယ်။

အဘရဲ့ သမီးကိုင်ထားတဲ့ ဖုန်းနံပါတ်ကတော့ ၀၉ ၄၂၆ ၇၅၃ ၁၆၅ ဖြစ်ပါတယ်။ အဘရဲ့ ကျန်းမာရေး အခြေအနေနဲ့ အိမ်တိုင်ရာရောက် သတင်းပေးကူညီချင်တဲ့ အလှူရှင်တွေ ဆက်သွယ် နိုင်ပါတယ်။အဘကို အလှူငွေဝိုင်းဝန်းထောက်ခံပေးတဲ့ စုစည်းရာမှတစ်ဆင့် ဆေးဝါးစရိတ်လေးများ ထည့်ဝင်ကူညီ ပေးကြဖို့ အနူးအညွတ်တောင်းဆို မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။

There is no comment found.

Leave a comments

  • ...

    Donars Part 1

    10K MMK

    from the Donar @ name Ko Htay Kyaw MW

  • ...

    Donars Part 1

    20K MMK

    from the Donar @ name Ma Nyein Nyein Thu

  • ...

    Donars Part 1

    50K MMK

    from the Donar @ name Ko Aung Mon

  • ...

    Donars Part 1

    5K MMK

    From the Donar @ name Ma Hnin Theingi Tun

  • ...

    圭介 大島

    30K MMK

  • ...

    Donars Part 1

    5K MMK

    from the Donar name @ Ma Padonmar Kyaw

  • ...

    Donars Part 1

    20K MMK

    from the Donar name @ Ma Padonmar Kyaw

%
Fund Raised
  • 1.4L MMK Funded
  • 5L MMK Goal
  • 7ငွေထည့်ဝင်သူ
...
Win Shwe

Support This Project

5,000 ကျပ်

5,000 MMK

ဘယ်လောက်ပမာဏပဲလှူလှူ ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကာယကံရှင်မိသားစုရဲ့ ကျေးဇူးတင်စကားနဲ့ လှူဒါန်းထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို Su See Yar Page မှတစ်ဆင့် ဖော်ပြပေးသွာမှာ ဖြစ်ပါတယ်ခင်ဗျာ။

10,000 ကျပ်

10,000 MMK

ဘယ်လောက်ပမာဏပဲလှူလှူ ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကာယကံရှင်မိသားစုရဲ့ ကျေးဇူးတင်စကားနဲ့ လှူဒါန်းထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို Su See Yar Page မှတစ်ဆင့် ဖော်ပြပေးသွာမှာ ဖြစ်ပါတယ်ခင်ဗျာ။

20000 ကျပ်

20,000 MMK

ဘယ်လောက်ပမာဏပဲလှူလှူ ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကာယကံရှင်မိသားစုရဲ့ ကျေးဇူးတင်စကားနဲ့ လှူဒါန်းထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို Su See Yar Page မှတစ်ဆင့် ဖော်ပြပေးသွာမှာ ဖြစ်ပါတယ်ခင်ဗျာ။

30,000 ကျပ်

30,000 MMK

ဘယ်လောက်ပမာဏပဲလှူလှူ ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကာယကံရှင်မိသားစုရဲ့ ကျေးဇူးတင်စကားနဲ့ လှူဒါန်းထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို Su See Yar Page မှတစ်ဆင့် ဖော်ပြပေးသွာမှာ ဖြစ်ပါတယ်ခင်ဗျာ။

50,000 ကျပ်

50,000 MMK

ဘယ်လောက်ပမာဏပဲလှူလှူ ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကာယကံရှင်မိသားစုရဲ့ ကျေးဇူးတင်စကားနဲ့ လှူဒါန်းထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို Su See Yar Page မှတစ်ဆင့် ဖော်ပြပေးသွာမှာ ဖြစ်ပါတယ်ခင်ဗျာ။

100,000 ကျပ်

100,000 MMK

ဘယ်လောက်ပမာဏပဲလှူလှူ ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကာယကံရှင်မိသားစုရဲ့ ကျေးဇူးတင်စကားနဲ့ လှူဒါန်းထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို Su See Yar Page မှတစ်ဆင့် ဖော်ပြပေးသွာမှာ ဖြစ်ပါတယ်ခင်ဗျာ။