ငွေကြေးမပြေလည်လို့ ဆေးကုသဖို့အခက်အခဲဖြစ်နေတဲ့ အဖွားဒေါ်သိန်းသိန်းအတွက် ဆေးကုသစရိတ်ကို ဝိုင်းပြီး ကူညီထောက်ပံ့ပေးကြဖို့ ဖိတ်ခေါ်ပါတယ်

  • ပင်မစာမျက်နှာ / ငွေကြေးမပြေလည်လို့ ဆေးကုသဖို့အခက်အခဲဖြစ်နေတဲ့ အဖွားဒေါ်သိန်းသိန်းအတွက် ဆေးကုသစရိတ်ကို ဝိုင်းပြီး ကူညီထောက်ပံ့ပေးကြဖို့ ဖိတ်ခေါ်ပါတယ်

အဖွားနားမည်က ဒေါ်သိန်းသိန်းပါ။အဖွားသိန်းရဲ့ အသက်က ၇၃နှစ် ရှိပါပြီ။ အဖွားအပါဝင် အဖိုးရယ် သမီးတစ်ယောက်ရယ် မြေးမလေးတယောက်ရှိပါတယ်။မိသားစုဝင်က အားလုံးပေါင်းလေးယောက်ရှိတာပါ။ အဖွားရဲ့ ကျန်းမာရေးအခြေနေက တော်တော်လေးဆိုးနေတာကို တွေ့ခဲ့ရပါတယ်။ အသဲနဲ့ ကျောက်ကပ်ရောဂါ ဖြစ်နေတာအပြင်ဆီးချိုရောဂါကပါ နှိပ်ဆက်တော့ အိပ်ရာထဲ အရုပ်ကြိုးပြတ်လဲနေရပါတယ်။ ကျန်းမာရေးအခြေအနေက တော်တော်ဆိုးနေပါတယ်။ ငွေရေးကြေးရေး မပြေလည်တာကြောင့် ဆေးရုံလဲ မတက်နိုင်ပါဘူး။ ရောဂါကပေးတဲ့ ဝေဒနာကြောင့် တစ်ကိုယ်လုံး ဖူးရောင်ကိုက်ခဲလို့ မနေနိုင်လို့ငြီးညူနေရရှာပါတယ်။သမီးကြီးဖြစ်သူက သူများအိမ်မှာ အချိန်ပိုင်း အိမ်အကူလုပ်ပြီး မိသားစုစားဝတ်နေရေးကိုအဓိကထားဖြေရှင်း နေရတဲ့အတွက် အဖွားရဲ့ကျန်းမာရေးစရိတ်ကို လုံလောက်စွာ ဖြေရှင်းနိုင်ခြင်းတော့ မရှိပါဘူး။ သူကိုယ်တိုင်လဲ ပန်းနာရင်
ကျပ်ရောဂါ ဖြစ်နေတာပါ။ ဒါပေမယ့်လည်း မိမိရောဂါကို ဂရုမစိုက်ပဲ မိသားစုစားဝတ်နေရေး
အတွက် ကျားထိုးရုံးကန်နေရရှာပါတယ်။ အဲ့အမမှာ၁၃အရွယ် သမီးလေးတယောက်လဲရှိပါတယ်။ အဖွားတို့ရဲ့ မြေးလေးပါ။ ခလေးရဲ့ရှေ့ဆက်မယ့် ပညာရေးအတွက်လဲ စိတ်ပူရပြန်ပါတယ်။ဒါအပြင် အဖိုးကလဲ အသက်တော်တော်ကြီးနေပါပြီ ကျန်းမားရေးအရမ်းကောင်းတဲ့အထဲမှာတော့ မပါပါဘူး။အဖွားရဲ့ကျန်းမာရေးမြန်မြန် ပြန်ကောင်းလာဖို့နဲ့အဖွားသိန်းတို့မိသားစုရဲ့ ဒုက္ခတွေအတွက်မျှော်လင့်ချက်မှလွဲ၍ အခြားဆေးမရှိပေ။ အဖွားကပြောတာကတော့ သူကျန်းမာရေးမြန်မြန်ပြန် ကောင်းချင်ပါတယ်။ သူ့အတွက်ကြောင့်နဲ့ စားဖို့တောင်အနိုင်နိုင်ရှာဖွေနေရတဲ့ သူ့သမီးကိုလဲ အဖွားရဲ့ဆေးဖိုးစရိတ်ရှာဖွေဖို့အတွက် ဒုက္ခတွေ အပူတွေ ထပ်မရောက်စေချင်ပါဘူး။ အဖွားနေပြန်ကောင်းလာလို့ ကျန်းကျန်းမာမာပြန်ဖြစ်လာရင် တဖက်တလမ်းကနေ မြေးလေးကိုလဲ စောင့်ရှောက်ပေးနိုင်မယ်။ အဖွားရဲ့သမီးကလည်း အဖွားရဲ့ဆေးဖိုးကို သိပ်စိတ်ပူစရာမလိုတော့လို့ သူ့သမီးလေး(အဖွားရဲ့မြေးလေး)ရဲ့ပညာရေး၊ အနာဂတ်ကောင်းဖို့အတွက်ကိုလဲ ပိုပြီးကြိုးစားလို့ရသွားမှာဖြစ်တဲ့အတွက်ကြောင့် ရောဂါကိုကုသဖို့ရာ အလှုရှင်တွေဆီမှ အလှုခံရခြင်းဖြစ်ပါတယ်။ အဖွားလက်ရှိနေနေတာကတော့တောင်ဥက္ကလာ ၅ရပ်ကွက် သရေခေတ္တရာ၂၂လမ်းထဲမှာပါ သူများအိမ်ရဲ့အနောက်မှာ အဖြီလေးဆွဲပြီးနေ နေရတာပါ။ အထက်မှာဖော်ပြထားတဲ့ လိပ်စာအတိုင်း အဖွားကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီးတော့လဲ ဆေးဖိုးဝါးခ ထောက်ပံ့လှူဒါန်း ကူညီနိုင်ပါတယ်။ဒါ့အပြင် အဖွားကိုဝိုင်းပြီးအလှုခံကူညီပေးနေတဲ့ ကျွန်တော်တို့ စုစည်းရာမှတဆင့်လည်း လှူဒါန်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်ခင်ဗျာ။

KBZ Pay Account / 09251926616 (KANKI TAKAHIRO)

Wave Money Account / 09251926616 (Aluto Benli)

Su See Yar Page link ကတဆင့်loginဝင်ရောက်ပြီး Local MPU၊ Visa/Master Cardများဖြင့်လည်း လှုဒါန်းနိုင်ပါတယ်ခင်ဗျာ။

#He knows not his own strength that hath not met adversity.
#ဆင်းရဲဒုက္ခမတွေ့ဖူးသူဟာသူ့ရဲ့ခံနိုင်ရည်ကိုမသိပါ။

Target Fund

250,000 MMK

There is no comment found.

Leave a comments

  • ...

    Nyein Nyein Thu

    20K MMK

  • ...

    Donars Part 1

    20K MMK

  • ...

    Donars Part 1

    5K MMK

  • ...

    Donars Part 2

    10K MMK

  • ...

    Donars Part 2

    20K MMK

  • ...

    Donars Part 2

    5K MMK

  • ...

    Donars Part 2

    20K MMK

  • ...

    Donars Part 2

    20K MMK

    From Daw Mi Mi Khaing

  • ...

    圭介 大島

    30K MMK

  • ...

    Donars Part 2

    10K MMK

  • ...

    Sithu Kyaw

    20K MMK

%
Fund Raised
  • 1.8L MMK Funded
  • 2.5L MMK Goal
  • 11ငွေထည့်ဝင်သူ
...
Daw Thein Thein

Support This Project

5,000 MMK

5,000 MMK

(ဘယ်လောက်ပမာဏပဲလှုလှု အဲ့ဒီကူညီလှုဒါန်းမှုကို ကျေးဇူးတင်ပါတယ်။ အဘွားရဲ့ကျေးဇူးတင်စကားနဲ့ လှုဒါန်းထားသောမှတ်တမ်းဓါတ်ပုံများကို Su See Yar pageမှတဆင့်‌ ဖော်ပြပေးသွားပါမယ်ခင်ဗျာ)

10,000 MMK

10,000 MMK

10,000 MMK (ဘယ်လောက်ပမာဏပဲလှုလှု အဲ့ဒီကူညီလှုဒါန်းမှုကို ကျေးဇူးတင်ပါတယ်။ အဘွားရဲ့ကျေးဇူးတင်စကားနဲ့ လှုဒါန်းထားသောမှတ်တမ်းဓါတ်ပုံများကို Su See Yar pageမှတဆင့်‌ ဖော်ပြပေးသွားပါမယ်ခင်ဗျာ)

20,000 MMK

20,000 MMK

(ဘယ်လောက်ပမာဏပဲလှုလှု အဲ့ဒီကူညီလှုဒါန်းမှုကို ကျေးဇူးတင်ပါတယ်။ အဘွားရဲ့ကျေးဇူးတင်စကားနဲ့ လှုဒါန်းထားသောမှတ်တမ်းဓါတ်ပုံများကို Su See Yar pageမှတဆင့်‌ ဖော်ပြပေးသွားပါမယ်ခင်ဗျာ)

30,000 MMK

30,000 MMK

(ဘယ်လောက်ပမာဏပဲလှုလှု အဲ့ဒီကူညီလှုဒါန်းမှုကို ကျေးဇူးတင်ပါတယ်။ အဘွားရဲ့ကျေးဇူးတင်စကားနဲ့ လှုဒါန်းထားသောမှတ်တမ်းဓါတ်ပုံများကို Su See Yar pageမှတဆင့်‌ ဖော်ပြပေးသွားပါမယ်ခင်ဗျာ)

50,000 MMK

50,000 MMK

(ဘယ်လောက်ပမာဏပဲလှုလှု အဲ့ဒီကူညီလှုဒါန်းမှုကို ကျေးဇူးတင်ပါတယ်။ အဘွားရဲ့ကျေးဇူးတင်စကားနဲ့ လှုဒါန်းထားသောမှတ်တမ်းဓါတ်ပုံများကို Su See Yar pageမှတဆင့်‌ ဖော်ပြပေးသွားပါမယ်ခင်ဗျာ)

100,000 MMK

100,000 MMK

(ဘယ်လောက်ပမာဏပဲလှုလှု အဲ့ဒီကူညီလှုဒါန်းမှုကို ကျေးဇူးတင်ပါတယ်။ အဘွားရဲ့ကျေးဇူးတင်စကားနဲ့ လှုဒါန်းထားသောမှတ်တမ်းဓါတ်ပုံများကို Su See Yar pageမှတဆင့်‌ ဖော်ပြပေးသွားပါမယ်ခင်ဗျာ)