ယခုလက်ရှိအခြေနေတွင် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့ စား၀တ်နေရေး အခက်အခဲ ဖြစ်နေသော မိဘမဲ့ဂေဟာများသို့ ကူညီထောက်ပံ့ပေးရာတွင် ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ပါတယ်

  • ပင်မစာမျက်နှာ / ယခုလက်ရှိအခြေနေတွင် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့ စား၀တ်နေရေး အခက်အခဲ ဖြစ်နေသော မိဘမဲ့ဂေဟာများသို့ ကူညီထောက်ပံ့ပေးရာတွင် ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ပါတယ်

မင်္ဂလာပါရှင် ...မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံး ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်​တွေ့ကြုံရချိန်မှာ မင်္ဂလာပါလို့​ပြောရတာ အားနာမိပါတယ်ရှင် သို့​သော်လည်း မ​ပြောမဖြစ်မြန်မာနိုင်ငံမှာဖြစ်​ပေါ်​နေတဲ့ ကျန်းမာ​ရေး၊ လူမှု​ရေး၊ စီးပွား​ရေး စသည့်ဘက်​ပေါင်းစုံမှယို့ယွင်းပျက်စီးမှုများ​ကြောင့် စားဝတ်​နေ​ရေးအခက်အခဲဖြစ်​နေ​သော​နေရာများအတွက် လှူဒါန်းပါဝင်နိုင်ရန်အတွက်နှိုး​ဆော်လိုက်ပါတယ်။
ယခုလက်ရှိအ​ခြေအ​နေတွင် မြန်မာနိုင်ငံသည် အများသိသည့်အတိုင်း ကိုဗစ်ရဲ့ရိုက်ခတ်မှု၊ စီးပွား​ရေးများကြဆင်းလာပြီး အလုပ်လက်မဲ့များများပြားလာမှု​ကြောင့် တစ်​နေ့လုပ်တစ်​နေ့စားသမားဘဝများရဲ့ ​နေ့စဥ်ဘဝရပ်တည်ရန် ​ချောက်ကမ်းပါးရဲ့အဝနားကို​ရောက်​နေကြပြီဖြစ်ပါတယ်။
သူတို့​တွေပဲလားဆို​တော့လည်း မဟုတ်​သေးပါဘူး။ အလှူရှင် ​စေတနာရှင်များရဲ့လှူဒါန်းမှုနဲ့ ရပ်တည်​နေရတဲ့ မိဘမဲ့ရင်ခွင်မဲ့က​လေးများကို​စောင့်​ရှောက်ရာ ​ဂေဟာများလဲ အများအပြားရှိပါတယ်။ ယခင်ကပါဝင်လှူဒါန်းနိုင်ခဲ့တဲ့အလှူရှင်​တွေ​ကိုယ်တိုင်တောင် ​နေ့စဥ်ဘဝရပ်တည်ဖို့ ခက်ခဲ​နေတဲ့အချိန်မှာ ​နေထွက်မှလန်းနိုင်မယ့်ပန်း​လေးသဖွယ်မိဘမဲ့က​လေးများ၏ ​နေ့စဥ်ဘဝဖြတ်သန်း​နေရမှုများမှာ မ​တွေးဝံ့စရာပါ
ဆာ​လောင်မှုရဲ့ဒါဏ်၊ အာဟာရချို့တဲ့မှုရဲ့ဒုက္ခ၊ ကျန်းမာ​ရေးရဲ့နှိပ်စက်မှုအ​ပေါင်းကို က​လေးသူငယ်​တွေဟာအရွယ်နဲ့မမျှ​အောင် အမျိုးမျိုးခံစား​နေကြရပါတယ်။
ထိုသို့​သော ဒုက္ခအ​ပေါင်းပင်လယ်​ဝေ​နေတဲ့ရင်ခွင်မဲ့က​လေးများကို ကျွန်မတို့ရဲ့Strong Mind's Powerပရဟိအသင်းအ​နေနဲ့မျက်ကွယ်မပြုနိုင်ဘဲ ကိုယ်တတ်စွမ်းတဲ့ဘက်မှပါဝင်ကူညီလှူဒါန်းလို့ရ​အောင် ဒီအလှူCampaign​လေးကိုဖန်တီးလိုက်ရပါတယ်။ လှူဒါန်းမှုမှရရှိလာမည့်​အလှူငွေ​ကြေးများဖြင့် သားငယ်သမီးငယ်​လေးများ ​နေ့စဥ်စား​သောက်ရန် ဆန်၊ဆီ၊ဆား၊ ​ဆေးဝါးများနှင့် လိုအပ်သည့်အသုံးအ​ဆောင်ပစ္စည်းများကိုသွား​ရောက်လှူဒါန်းကြမှာဖြစ်ပါတယ်။

ဒီအလှူမှာပါဝင်လှူဒါန်းကြမယ့်အလှူရှင်​တွေရဲ့ သဒ္ဒါတရားဟာ မိဘမဲ့က​လေးများအတွက်​တော့ အား​ဆေးတစ်ခွက်ပါပဲ ဒါ့ကြောင့်မို့လို့ ရရှိလာမည့်အလှူ​ငွေများကိုကျွန်မတို့ရဲ့Strong Mind's Power ပရဟိတအသင်းမှ လုံခြုံရေးအရအလှုရှင်များ သွားရောက် လှုဒါန်းမှုအားနည်းနေတဲ့ ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ အ​ရှေ့ဒဂုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ မိဘမဲ့​ဂေဟာများကိုသွား​ရောက်လှူဒါန်းမှာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ Strong Mind Powerပရဟိအသင်းအ​နေဖြင့် စိတ်တူကိုယ်တူလူငယ်များဖြင့်ဖွဲ့စည်းထား​သော အဖွဲ့အစည်းဖြစ်ပြီး အသင်းတည်ရှိမှုသက်တမ်းမှာ ၆နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၅ ​ရေ​ဘေးမှစ၍​ပေါ်​ပေါက်ခဲ့​သော ကျွန်မတို့အသင်းမှာ ၆နှစ်တာကာလပတ်လုံး​ရေ​ဘေး​ရှောင်များ၊ မီး​ဘေးသင့်ပြည်သူများ၊ လှုမှု​စောင့်​ရှောက်​ရေး​ဂေဟာများ၊ စာ​လောင်မွတ်သိပ်​နေကြ​သော​ခွေး​ဂေဟာရှိတိရိစ္ဆာန်​လေးများနှင့် ခိုကိုးရာမဲ့​နေ​သောဘိုးဘွားရိပ်သာများစွာတို့ကိုလည်းသွား​ရောက်လှူဒါန်းခဲ့ပါတယ်။ ထို့ပြင် မိဘမဲ့က​လေးသူငယ်များအတွက်လည်း ဆန်၊ဆီ၊ဆား၊ ​ဆေးဝါးတို့နှင့်အတူ အသုံးအ​ဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊အ​ထွေ​ထွေအသုံး​ဆောင်ပစ္စည်းများနှင့် ​ငွေ​ကြေးများကိုသွား​ရောက်လှူဒါန်းခဲ့သည်မှာ အကြိမ်အ​ရေတွက်များစွာရှိလာခဲ့ပြီဖြစ်ပါတယ်။ယခုလက်ရှိအချိန်ထိလည်း ကိုဗစ်ကာလအတွင်းစားဝတ်​နေ​ရေးအခက်ခဲရှိ​သော​နေရာများကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသ​လောက်တတ်စွမ်းသည့်ဘက်မှ ကူညီ​ထောက်ပံ့​နေဆဲ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အလှူရှင်များအ​နေဖြင့် ယခုတစ်​ခေါက်လှူဒါန်းမည့် အလှူCampaignတွင် ပူး​ပေါင်းပါဝင်လှူဒါန်း၍ မိမိရဲ့​ချစ်ခြင်းမေတ္တာကို မိဘမဲ့က​လေးများအား ​ဝေငှ​ပေးကြရန်နှိုး​ဆော်လိုက်ရပါသည်။

Facebook - Strong Mind's Power

Target Fund
* မိဘမဲ့​ကျောင်းတစ်​ကျောင်းစာအတွက် လှူဒါန်းရန် ​

ငွေကျပ်(၅)သိန်းပျမ်းမျှသတ်မှတ်ထားပြီး လှူဒါန်းမည့်​ကျောင်း​ပေါင်း ၄​ကျောင်းဖြစ်ပါသည်။
*စုစု​ပေါင်း လှူဒါန်းမည့်​ငွေ သိန်း(၂၀)ကျပ်

လှူဒါန်းသွားမည့်နေရာများ -

  • ကြည့်မြင်တိုင်မျက်မမြင်ကျောင်း
    အမှတ် (၁၃၂) ပန်းပင်ကြီးလမ်း၊ကြည့်မြင်တိုင်မြို့နယ်။
    Ph-535548,538309ဝိမလရာမ ပရဟိတသီလရှင်ကျောင်း

 

  • သာယာကုန်းကျေးရွာ၊လှည်းကူးမြို့နယ်။
    Ph-09421164586 (ဒေါ်ဝိမလ)လှိုင်သာယာ မိဘမဲ့ကျောင်း
     
  • လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်အနီး၊ထန်းတပင်မြို့နယ်၊ထိန်နှစ်ပင်ရွာ။
    Ph-09422227822,09777717607အေးရိပ်သာဘုန်းတော်ကြီးသင်ကျောင်း
     
  • ၁၁၃ ရပ်ကွက် ၊ ဒဂုံမြို့သစ်အရှေ့၊ဒဂုံတက္ကသိုလ်နှင့်စိတ်ကျန်းမာရေးဆေးရုံကြား၊ရန်ကုန်။
    Ph-0943056606 (ဆရာတော် ဦးပညာသီရိ)

အလှုရှင်များအနေနဲ့ ၅ထောင်ကျပ်၊ ၁သောင်းကျပ်၊  ၁၅၀၀၀ ကျပ်စသဖြင့် မိမိလှုဒါန်းနိုင်သလောက်  ပါဝင်လှုဒါန်းလို့ရပါတယ်။

ဖော်ပြပါ KBZ Pay နှင့် Wave Money Accountများသို့ တိုက်ရိုက်ငွေလွှဲလှုဒါန်းနိုင်ပါတယ်။

KBZ Pay Account / 09251926616 (Name - Su See Yar)

Wave Money Account / 09251926616 (Name - Aluto Benli)

Su See Yar Page link ကတဆင့်loginဝင်ရောက်ပြီး Local MPUVisa/Master Cardများဖြင့်လည်း လှုဒါန်းနိုင်ပါတယ်။

There is no comment found.

Leave a comments

  • ...

    Yarzaraung

    5K MMK

  • ...

    Nyein Nyein Thu

    30K MMK

  • ...

    Hnin Thet Wai

    5K MMK

  • ...

    圭介 大島

    1L MMK

  • ...

    Aung Khant Win

    10K MMK

  • ...

    Phyo Thet Tin

    5K MMK

  • ...

    Thet Moe Naing

    15K MMK

  • ...

    Myat Su Thwe

    10K MMK

  • ...

    Sithu Kyaw

    50K MMK

  • ...

    Zaw Win

    5K MMK

    Fund for donation

  • ...

    Zaw Win

    15K MMK

    Fund for donation

%
Fund Raised
  • 2.5L MMK Funded
  • 20L MMK Goal
  • 11ငွေထည့်ဝင်သူ
...
Strong Mind Power Charity

The purpose of the Strong Mind Power Charity Group is to contribute as much as we can to the rehabilitation processes in community outreach/disaster relief areas in a spirit of pure mind.

Support This Project

5000MMK

5,000 MMK

5000MMK (လူကြီးမင်းတို့၏ လှူဒါန်းမှုအား ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်သည့်အနေဖြင့် “ကျေးဇူးတင်ရှိပါကြောင်း” အီးမေးလ် ပေးပို့ဂုဏ်ပြုခြင်း)

10,000 MMK

10,000 MMK

10,000 MMK (လူကြီးမင်းတို့၏ လှူဒါန်းမှုအား ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်သည့်အနေဖြင့် “ကျေးဇူးတင်ရှိပါကြောင်း” အီးမေးလ် ပေးပို့ဂုဏ်ပြုခြင်း)

15,000 MMK

15,000 MMK

15,000 MMK (လူကြီးမင်းတို့၏ လှူဒါန်းမှုအား ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်သည့်အနေဖြင့် “ကျေးဇူးတင်ရှိပါကြောင်း” အီးမေးလ် ပေးပို့ဂုဏ်ပြုခြင်း)

30,000 MMK

30,000 MMK

30,000 MMK (လူကြီးမင်းတို့၏ လှူဒါန်းမှုအား ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်သည့်အနေဖြင့် “ကျေးဇူးတင်ရှိပါကြောင်း” အီးမေးလ် ပေးပို့ဂုဏ်ပြုခြင်းနှင့် လှူဒါန်းမှုပြီးဆုံးပါက မှတ်တမ်းဓာတ်ပုံများကို အီးမေးလ်ဖြင့် ပေးပို့ခြင်း)

50,000 MMK

50,000 MMK

50,000 MMK (လူကြီးမင်းတို့၏ လှူဒါန်းမှုအား ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်သည့်အနေဖြင့် “ကျေးဇူးတင်ရှိပါကြောင်း” အီးမေးလ် ပေးပို့ဂုဏ်ပြုခြင်း၊ လှူဒါန်းမှုပြီးဆုံးပါက မှတ်တမ်းဓာတ်ပုံများကို အီးမေးလ်ဖြင့် ပေးပို့ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း)

100,000 MMK

100,000 MMK

100,000 MMK (လူကြီးမင်းတို့၏ လှူဒါန်းမှုအား ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်သည့်အနေဖြင့် “ကျေးဇူးတင်ရှိပါကြောင်း” အီးမေးလ် ပေးပို့ဂုဏ်ပြုခြင်း၊ လှူဒါန်းမှုပြီးဆုံးပါက မှတ်တမ်းဓာတ်ပုံများကို အီးမေးလ်ဖြင့် ပေးပို့ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းနှင့် အတူလိုက်ပါလှူဒါန်းလိုပါက လိုက်ပါခွင့်ပြုခြင်း)