မြန်မာ့ရတနာလုပ်ငန်းသည် ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ဒဂုံမြို့နယ် (၃၄) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော သဘာဝစားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းဖြစ်ပါသည်။ 2017ခုနှစ် အောက်တိုဘာလ ကနေ စတင်ခဲ့ပြီး အဆင့်ဆင့်အကြိမ်ကြိမ် စမ်းသပ်အောင်မြင်လာခဲ့တဲ့ သဘာဝထွက်ကုန်များ ကိုသာအသုံးပြု ထုတ်လုပ်ထားတဲ့ စားသောက်ကုန်ခြောက် လုပ်ငန်းတစ်ခုဖြစ်ပါသည်။
လွန်ခဲ့သော (၅) လခန့်က ဖြစ်ပေါ်လာသော Covid-19ရောဂါ၏ အကျိုးသက်ရောက်မှုကြောင့် လုပ်ငန်း၏လည်ပတ်မှုမှာ လုံးဝရပ်တန့်ခြင်းများ ကြုံလာရပြီး ယခုအချိန်တွင် ပြန်လည်လည်ပတ်ရန်နှင့် ထူထောင်ရန်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ယခုနှစ်ရဲ့ မေလ ၂၀ ရက်နေ့တွင် လုပ်ငန်း၏ တစ်စိတ်တစ်ဒေသကို ပြန်လည်ထူထောင်ရန် ကြိုးစားခဲ့ပါတယ်။
မိမိတို့လုပ်ငန်းသည်
- သဘာဝပတ်ဝန်းကျင်၏ တန်ဖိုးကိုမြင်သာပေါ်လွင်အောင်ဖန်တီးလုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်သောကြောင့် သဘာဝမှ ပေးသောကောင်းကျိုးများ ကို လူအများပိုမို သိရှိအောင် အားထုတ်ကြိုးစားချင်ပါသည်။
- ကလေးသူငယ်လေးများနှင့် အသက်အရွယ်ကြီးသူများအတွက် အထူးထုတ်လုပ်ထားသော ထုတ်ကုန်များ ဖြစ်သည့်အတွက် ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုပေးပါသည်။
- မိမိလုပ်ငန်းနှင့်ဆက်စပ်နေသော တောင်ယာစိုက်ပျိုးသူတွေအတွက်လည်း တစ်ဖက်တစ်လမ်းက အကူအညီ ဖြစ်စေနိုင်မည့် အခြေအနေမျိုးပြုလုပ်ပေးချင်ပါသည်။
- ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစု စားဝတ်နေရေး၊ ပညာရေး၊ကျန်းမာရေးအခက်အခဲများကို သက်သာ လျော့နည်းစေဖို့ ကူညီထောက်ပံပေးချင်ပါသည်။
- ရောဂါဖြစ်ပွားမှုများကြောင့် လူတစ်ဦးနှင့်တစ်ဦး အနီးကပ်တွေ့ဆုံခြင်းများကို ရှောင်ရှားပိတ်ပင်ထားသော အချိန်တွင် ကုန်ပစ္စည်းများ ထုတ်ပိုးခြင်း၊ ပို့ဆောင်ခြင်းများအားလုံး ရပ်တံ့သွားခဲ့ရပါသည်။
- မှီခိုနေသော ဝန်ထမ်းများကလဲ အမြန်ပြန်လည်ထူထောင်မည့်အချိန်ကို စောင့်မျှော်နေကြသည့်အတွက် သူတို့၏မိသားစုများအတွက်လည်း ပြန်လည်ကြိုးစားချင်ပါသည်။
- မိမိအလုပ်တွင်မှီခိုအားထားနေသော ဝန်ထမ်းများကိုလည်း လုပ်ငန်းတွင်ပိုမိုကောင်းမွန်သောအခြေအနေမျိုး နှင့် လုပ်ငန်းပြန်လည် လည်ပတ်ပြီး လစဉ်ပုံမှန်ကောင်းမွန်သော အထောက်အပံ့များ ပြုလုပ်ပေးချင်ပါသည်။
သတ်မှတ်ပမာဏ - မြန်မာငွေ သိန်း ၁၀၀ ကျပ်
အသုံးပြုမည့်နေရာ- Covid-19 ကူးစက်ရောဂါ အကြပ်အတည်းကာလ အပြီး ပြန်လည်ထူထောင်ရန်
(အလုပ်ရုံနေရာငှားရမ်းခ၊ ဝန်ထမ်းများ၏လုပ်အားခများ၊ ကုန်ကြမ်းများဝယ်ယူမှုများနှင့် ကျန်မာရေး၊ လူမှုရေး ဆိုင်ရာများ ကို အသုံးပြုရန်)
မြန်မာ့ရတနာလုပ်ငန်းသည် 2017ခုနှစ်နိုဝင်ဘာလတွင် အောက်ပါထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းခဲ့ပါသည်။
Traditional Treasure အမှတ်တံဆိပ်
ဝဥကြာဆံ ၊ ဝဥခေါက်ဆွဲ၊ ကန်စွန်းဥကြာဆံ ၊ ကန်စွန်းဥခေါက်ဆွဲ၊ ပြောင်းဆံကြာဆံ၊ ပန်းရောင်ဆား၊ ပျားရည်၊ ဆန်လုံးညို၊ Lady Tea ၊ Healthy Tea နှင့်အရသာပါဝင်ပြီး အသင့်စားကြာဆံခေါက်ဆွဲများ
Momma Choice အမှတ်တံဆိပ်
ဆန်လုံးညို (ကြက်သား၊ မုန်လာဥနီ၊ ပဲနီလေး၊ အာလူး၊ ရေညှိ )အရသာပါဝင်သော အာဟာရဖြည့်စွက်စာ ဆန်ပြုတ်များ
လုပ်ငန်း၏ရည်ရွယ်ချက်
- သဘာဝပတ်ဝန်းကျင်၏ ကောင်းကျိုးများကိုဖော်ထုတ်ပြီး တောင်သူလယ်သမားများ အတွက်လည်း အကျိုး ဖြစ်ထွန်း စေရန်။
သစ်သီးသစ်ဖုများကို ဓာတုဗေဒကင်းစင်စေပြီး သဘာဝအတိုင်းကောင်းကျိုး များ ရရှိစေရန်ထုတ်လုပ် ထားပါသည်။
နိုင်ငံအတွင်းရှိသော သဘာဝအခြေခံအရင်းအမြစ်များကို ဦးစားပေး အသုံးပြုထားပြီး ပတ်ဝန်းကျင် နှင့် လူအများ ကျန်းမာရေးအတွက် အထူးရည်ရွယ်ပါသည်။
မိမိတို့၏ ထုတ်ကုန်များအားလုံးသည် သန့်ရှင်းလတ်ဆတ်ပြီးကျန်းမာရေးအတွက် အကျိုးရှိပြီး အာဟာရပြည့်ဝစွာ ပါဝင် ပါတယ်။
Mission Statement
- မြန်မာ့ထွက်ကုန် အဆင့်မြင့်သဘာဝထုတ်ကုန်များကို ဖန်တီးထုတ်လုပ်ရန်။
- ဘေးကင်းပြီးကကျန်းမာရေးနှင့်ညီညွတ်သော သဘာဝစားသောက်ကုန်ဈေးကွက်အား နိုင်ငံတကာ အဆင့်မှီ စေရန်။
- မြန်မာပြည်တွင်းသဘာဝထုတ်ကုန်များကို အဆင့်မြင့်တင်ပြီးနိုင်ငံတကာသို့ တင်ပို့နိုင်စေရန်။
Vision
- တာဝန်ယူမှုအပြည့်ဖြင့် ထုတ်ကုန်များ၏အရည်အသွေးအပေါ်တွင် လူတိုင်းယုံကြည်မှုရရျိစေရန်
ရင်နှီးမြှပ်နှံငွေနှင့် ပြန်လည်ရရှိမည့်အကျိုးအမြတ်
(၁) မြန်မာငွေ၅သောင်းကျပ် (50,000 MMK) အတွက်
Traditional treasure noofle set 5 item+Healthy tea 2 box
(၂) မြန်မာငွေ၁သိန်းကျပ် (100,000 MMK) အတွက်
Traditional treasure noofle set 5 item+Ready to eat noodle set 7 item+Healthy Tea 4 box
(၃) မြန်မာငွေ၃သိန်းကျပ် (300,000 MMK) အတွက်
Traditional treasure noofle set 5 item+ Ready to eat noodle set 7 item+Healthy Tea 4 box+Brown rice 1.6kg 2 pcs
(၄) မြန်မာငွေ၅သိန်းကျပ် (500,000 MMK) အတွက်
Traditional treasure noofle set 5 item+ Ready to eat noodle set 7 item+Healthy Tea 4 box+Brown rice 1.6kg 4pcs+ Momma choice gift set
#ဂျပန်နိုင်ငံမှ ရင်းနှီးငွေထည့်ဝင်သူများအနေဖြင့်ရရှိလာသော အကျိုးမြတ်ကို မြန်မာနိုင်ငံမှတဆင့် လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပေးပါမည်။
မှတ်ချက်မရှိသေးပါ။