What we do
Fund, Find and shop the next big things
စုစည်းရာကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ မူရင်း ကုမ္ဗဏီမှာ Aluto Benli ကုမ္ဗဏီလီမိတက် ဖြစ်သည်။စုစည်းရာသည် မြန်မာနိုင်ငံအတွက် ရည်ရွယ်သည့် Crowdfunding platform တစ်ခုဖြစ်ပြီး လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း၏ စိတ်ကူးဖန်တီးမှု၊ အကြောင်းအရာ နှင့် ပရဟိတ အသင်းအဖွဲ့စသည့်အတွက် ရန်ပုံငွေမြှင့်တင်ရန် ရည်ရွယ်လုပ်ဆောင်သည့် Platform တစ်ခုဖြစ်သည်။ လုပ်ငန်းသေးဖြစ်စေ၊ လုပ်ငန်းကြီးဖြစ်စေ၊ ကမ္ဘာကိုပြောင်းလဲရန် သို့မဟုတ် သူတပါးကို ကူညီပံ့ပိုးရန် စိတ်ကူးရှိလျှင် ကျွန်ုပ်တို့ဘက်မှ ကူညီထောက်ပံ့ပေးနိုင်သည်။ မိတ်ဆွေ၏လုပ်ငန်းတွင် လိုအပ်သော အရင်းအနှီးများကို စုစည်းရာတွင် မိတ်ဆွေလုပ်ငန်း၏လုပ်ဆောင်ချက်များ၊ စီမံကိန်းများကို ဖော်ပြပြီးရှာဖွေနိုင်ရန် ကျွန်ုပ်တို့ဘက်မှ ကူညီပေးနိုင်ပါသည်။ တစ်စုံတစ်ဦးကို ကူညီထောက်ပံ့ပေးရန် စိတ်ကူးရှိသူများလည်း ကျွန်ုပ်တို့ စုစည်းရာတွင် ဖော်ပြထားသော စီမံကိန်းများ၊ လုပ်ငန်းများကို ရွေးချယ်ပံ့ပိုး၍ ကူညီပေးနိုင်သည်။ ထို့ကြောင့် စုစည်းရာသည် မိတ်ဆွေတို့၏ ရင်းနှီးငွေမြှင့်တင်ရန် လိုအပ်သော အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်း နှင့် ငွေကြေးဆိုင်ရာ ကူညီပံ့ပိုးလိုသူတို့ကို တွေ့ဆုံပေးစေမည့် မြန်မာနိုင်ငံတွင်း ပထမဦးဆုံးသော Crowdfunding ပလက်ဖောင်း တစ်ခုဖြစ်ပါသည်။
Su See Yar သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် လုပ်ကိုင်ရန်အစပြုနေသော စီမံကိန်းများကို မြှင့်တင်ပေးသည်။ ကျွန်ုပ်တို့၏ပျော်ရွှင်မှုသည် ထူးခြားသောစီမံကိန်းများကို အောင်မြင်ရန်ကူညီခြင်းသာမက၊ ဖြစ်နိုင်သမျှကို ကမ္ဘာသို့ပြသနိုင်ခြင်း အတွက်သာဖြစ်သည်။ မိတ်ဆွေ၏အောင်မြင်မှုသည် ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဖြစ်သည်။
What we do?
အသင်းအဖွဲ့တစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် Crowdfunding ကို အကောင်းမြင်ပြီး အသုံးပြုလိုသော မည်သူ့ကိုမဆို ကူညီ ထောက်ပံ့သည်၊ ဆန်းသစ်တီထွင်ခြင်းနှင့် ပူးပေါင်းပါဝင်ခြင်းများကိုလဲ ကူညီထောက်ပံ့ပေးသည်။
ကျွန်ုပ်တို့သည် မိတ်ဆွေ၏အောင်မြင်မှုကို အလေးထားပြီး မိတ်ဆွေတို့မျှော်မှန်းထားသည့် ပမာဏကိုရရှိမှသာ အခကြေးငွေ ကောက်ခံခြင်း ပြုလုပ်ပါမည်။
မိတ်ဆွေကို တစ်ဦးချင်းထောက်ပံ့မှုများပေးပြီး ကျွန်ုပ်တို့၏ Site ပေါ်မှ Project များကိုလည်း Feedback ပေးပါသည်။
ကျွန်ုပ်တို့သည် Campaign စတင်ထားသူများနှင့် ထောက်ပံ့သူများကိုလည်း နည်းလမ်းကောင်းများဖြင့် ချိတ်ဆက်ပေးပါသည်။
Campaign များကိုလည်း အနီးကပ်ထောက်ပံ့မှု ပေးပါသည်။
လုပ်ငန်း၏ လုပ်ဆောင်မှုများနှင့် ထိရောက်မှုများကို တိုးမြင့်နိုင်ရန် ရန်ပုံငွေရှာဖွေနေသည့် အဖွဲ့အစည်းများကို ကျွန်ုပ်တို့ ကူညီထောက်ပံ့ပေးပါသည်။
ကျွန်ုပ်တို့သည် စိတ်ကူးအတွေးအခေါ်များ၊ တီထွင်ဖန်တီးမှုများ၊ စွန့်စားတီထွင်သူများနှင့် အဖွဲ့အစည်းများအား ရံပုံငွေရရှိရန် Crowdfunding နည်းလမ်းကို အသုံးပြုပြီး ရံပုံငွေမြှင့်တင်သည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံတွင်း သမာရိုးကျနည်းလမ်းများကို ပြောင်းလဲချင်ပါသည်။
ပညာရေးနှင့် အရင်းအနှီးလက်လှမ်းမှီမှုများမှတစ်ဆင့် မြောက်များစွာသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များစွာကို ပိုမို အောင်မြင်စေပြီး ပိုမိုထိရောက်စေနိုင်ပါသည်။
ကျွန်ုပ်တို့သည် ဆိုရှယ်ပိုင်းတွင် အကျိုးသက်ရောက်မှုရှိသော ရင်းနှီမြှုပ်နှံ့မှုလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားများကို ကူညီပေးနိုင်သည့်အပြင် အနာဂတ်ကာလလှပပြီး ဝင်ငွေကောင်းမွန်လာအောင်လည်း လုပ်ဆောင်ပေးနိုင်သည့် အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါသည်။